The Corner မှာ ဖတ်စရာ (အတွဲ ၁၁ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Asia
Middle East/Africa
Business
Archived Corner
အတွဲ (၁၁)၊ ၂၀၂၅ စက်တင်ဘာ ၁ - ၁၅ ရက်
စီစဉ်သူ အမှာ
ကျွန်တော်တို့ရဲ့ The Corner ဟာ ခြောက်လ လောက်အတွင်းမှာ အတွဲ ဆယ် တွဲ ထွက်ခဲ့ပြီးပါပြီ။ မှတ်တိုင် ခပ်သေးသေး တစ်ခု စိုက်နိုင်ခဲ့ပြီလို့ စီစဥ်သူများက မြင်ပါတယ်။ အွန်လိုင်းပေါ်မှာ တင်ဆက်နေတဲ့အတွက် တချို့ စာအုပ်နဲ့ ဖတ်သူ အချို့ဆီ ပျံ့နှံ့ရောက်ရှိဖို့တော့ တဖြည်းဖြည်း အချိန်ယူရဦးမှာပါ။ ဒါက စာဖတ်သူတွေ အလေ့အထ ပြောင်းဖို့နဲ့ အင်တာနက် အဆက်မပြတ် ရရှိနိုင်မှုပေါ်မှာလည်း မူတည်မယ်လို့ ထင်ပါတယ်။ The Corner မှာ ဆောင်းပါးကောင်း များစွာပါဝင်ပြီး အခကြေးငွေမကုန်ဘဲ လွယ်ကူစွာဖတ်နိုင်လို့ လူအများကြားကို ဆက်လက် ပြန့်ပွား နေမယ်လို့ လည်း ယုံကြည်ပါတယ်။
ကျွန်တော်တို့ထံကို ဆက်သွယ်ကြပြီး ဘယ်လို စာမူမျိုးတွေ ပို့ရင်ရမလဲ။ ဘယ်စာမျိုးရေးရမလဲ လို့ မေးလာကြတဲ့သူများရှိလို့ အားတက် ရပါတယ်။ စာရေးလိုသူအများကြီး ရှိသေးတာကိုလည်း ကြိုဆိုပါတယ်။ The Corner ကနေ အကြံပေးလိုတာကတော့ စာမူ အမျိုးအစား နဲ့ ပတ်သက်ပြီး မူ ဘောင် အကြီးကြီး ထားထားတာ မရှိပါ။ The Corner ကို ဝင်ရောက် ဖတ်ရှုလိုက်တာနဲ့ ဘယ်လို ကဏ္ဍနဲ့ အကြောင်းအရာတွေ ရေးရမလဲဆိုတာ သိလာမယ်လို့ ထင်မြင်ယူဆပါတယ်။ အရေးအသားနဲ့ တင်ပြပုံကိုတော့ အယ်ဒီတာ အဖွဲ့က အကဲဖြတ်ကြ ပါလိမ့်မယ်။
The Corner အတွဲ (၁၁) မှာ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပါလက်စတိုင်း – ဟားမာ့စ်နဲ့ အစ္စရေးတို့ တင်းမာနေမှု သုံးသပ်ချက်များကို ဒေါင့်စုံက ပြည့်ပြည့်စုံစုံ တင်ပြထားပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေ များတဲ့အခါ ပရိသတ်များ သိလိုမယ်ထင်တဲ့ အကြောင်းအရာ ခေါင်းစဥ်များကို သေသေချာချာ စဥ်းစား စီစဥ် တင်ဆက်လိုက်ခြင်းပါ။ အခြား ဖြစ်ပေါ်နေတဲ့ ကိစ္စများဟာလည်း အရေးမကြီးလို့ မဟုတ်။ သို့သော် ဆိုရှယ် မီဒီယာခေတ်မှာ အခုဖြစ် အခုသိ နောက်အသစ်ဖြစ် ရှေ့ကဟာကို မေ့လိုက် သံသရာမှာ လည်ပတ်နေကျ မို့လို့ ထဲထဲဝင်ဝင် သိအောင် အကြောင်းအရာ ခေါင်းစဥ်တစ်မျိုးကို သီးသန့် ထုတ်နုတ် တင်ပြတာလို့ ပြောမယ်ဆိုရင်လည်း ရပါတယ်။
ဒီအပတ်မှာပါဝင်တဲ့ ကဏ္ဍစုံက ဆောင်းပါးများကို စီစဥ်သူများက အထူးတလည် အားရမိပါတယ်။ အကြောင်းအရာများလည်း စုံလင်လို့ အမြင်သစ်တွေ ပေးစွမ်းနိုင်မယ်လို့ ထင်မိပါကြောင်း။
စီစဥ်သူ