The Corner မှာ ဖတ်စရာ (အတွဲ ၁၀ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Asia
US/America
အတွဲ (၁၀)၊ ၂၀၂၅ သြဂုတ် ၁၆ - ၃၁ ရက်
စီစဉ်သူ အမှာ
သြဂုတ်လ ၇ ရက် နေ့က အမေရိကန် HHS (Health & Human Services) ဝန်ကြီး ရောဘတ် အက်ဖ် ဂျူနီယာက ကိုဗစ် ရောဂါဗိုင်းရပ် အသစ်များ အတွက် mRNA ကာကွယ်ဆေးများ ရှာဖွေ ဖော်ထုတ်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအဖြစ် မတိုင်ခင်ကလည်း ဆေးပညာဆိုင်ရာ တက္ကသိုလ်များ၊ ဆေးရုံများနဲ့ သိပ္ပံ အဖွဲ့အစည်းများအတွက် ရောဂါ ရှာဖွေတိုက်ဖျက်ရေး အလို့ငှာ ခွင့်ပြုပြီးသား ဘက် ဘက်ဂျက် စုစုပေါင်း ခန့်မှန်းချေ ဒေါ်လာ လေး ဘီလီယံကို ဖြတ်တောက် ပစ်ခဲ့ပါသေးတယ်။ ဆေးပညာ ဆိုင်ရာမှာ ရှေ့တန်းရောက်နေတဲ့ အစွန်းထက် ဆေးဝါးများ၊ ထိရောက်သည့် ကုထုံးများ ရှာဖွေ ဖော်ထုတ်ရေး လုပ်ငန်းများ ရပ်သွားမည် (သို့မဟုတ်) နှေးကွေးသွားလိမ့်မည်လို့ ယူဆရပါသည်။
ယနေ့ ဖွံ့ဖြိုးနေသည့် နိုင်ငံများဖြစ်စေ၊ မတိုးတက်သေးသည့် ဆင်းရဲသည့် နိုင်ငံများဖြစ်စေ ကမ္ဘာ့နိုင်ငံတော်တော် များများမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းများပေါ်မှာ ဝေဒနာကို ခံစားရင်း ထွက်ပေါ်လာနိုင်မည့် ဆေးဝါးများကို မှီခိုနေကြသူ ကုထုံးအသစ်များကို စောင့်ဆိုင်းနေကြသူ ဝေဒနာရှင်များနှင့်အတူ ၄င်းတို့၏ မိသားစုများစွာ ရှိလိမ့်မည်လို့ ထင်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး The Corner မှ ဒီအတွဲမှာ ကမ္ဘာကြီး ခံစားကြုံတွေ့နေရတဲ့ အနာရောဂါ အခြေအနေ သုံးသပ်ချက်ကို မဏ္ဍိုင်ထားပြီး တင်ပြလိုက်ပါတယ်။ ခါတိုင်းပါနေကျ ကဏ္ဍများလဲ မပျက်ကွက်ရလေအောင် ဖတ်စရာတွေ အများကြီး ထည့်ပေးထားပါတယ်။ The Corner ကတော့ တတ်နိုင်သမျှ စာဖတ်သူ ပရိသတ်များ စုံစုံလင်လင် သိရှိနားလည်ရလေအောင် ကြိုးစားတင်ဆက်ပေးနေမှာ ဖြစ်ပါတယ်။ The Corner အတွဲ (၁၀) ကို တင်ဆက်လိုက်ပါပြီ။
ပြည်သူများအားလုံး အနာရောဂါ ကင်းရှင်း ကျန်းမာ ပျော်ရွှင်နိုင် ကြပါစေ…
စီစဥ်သူ