The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၉ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၉)၊ ၂၀၂၅ သြဂုတ် ၁ - ၁၅ ရက်

စီစဉ်သူ အမှာ

နေ့စဥ် ရက်ဆက် ဆိုသလို ကမ္ဘာ တစ်ဝန်းမှာ ဖြစ်ပေါ် လာတဲ့ အရေးကိစ္စတွေက တစ်နေ့ထက်တစ်နေ့ မတူတာတွေ အသစ်အသစ်တွေ များလာလို့ The Corner ပရိသတ်တွေကို ဦးစားပေး တင်ဆက်ရမည့် ခေါင်းစဥ်တွေ ရွေးထုတ်ရတာက စိတ်လှုပ်ရှားစရာ တာဝန်တစ်ခု လိုပါ။ ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းမှာ နေ့တစ်နေ့ ကုန်သွားလို့ တစ်နေ့တာ ဖြစ်ပျက်သမျှ သတင်းစုံ စာရင်းပိတ်တဲ့အချိန် အာရှဘက် မနက်ဆိုရင် မျက်နှာ စာအုပ်ပေါ် မှာ အကုန်ရောက် အားလုံး update ဖြစ်နေကြပါပြီ။ အာရှအရေးဆိုရင်တော့ ပြောမနေပါနဲ့တော့ ကမ္ဘောဒီးယားက ပစ်လိုက်တဲ့ လက်နက် ထိုင်းမြေပေါ် ကျလျှင်ကျခြင်း ဆိုသလို ဗီဒီယို၊ ပုံနဲ့ သတင်းတွေ ချက်ချင်းတက်လာတာ မြင်နေရပါပြီ။

The Corner စီစဥ်သူများဟာ ကမ္ဘာ့မြင်ကွင်း စုံစုံအပြင် အသိအမြင် ပိုမို ပွင့်စေရာ၊ နမူနာ ယူစရာ မယူစရာ အဖြစ်အပျက်တွေကို မျှတအောင် တင်ဆက်ပေးကြပါတယ်။ အကြောင်းအရာ အစုံကို ဖန်တီးပေးကြတဲ့ စာရေးသူများကို အထူးကျေးဇူးတင်ပါတယ်။ The Corner ကတော့ စာဖတ်သူများထံ အရောက်ပို့ပေးတဲ့ တာဝန်ကိုယူပါတယ်။ ပရိသတ်များကိုတော့ The Corner ကို ပုံမှန် ဖတ်တဲ့ တာဝန်ယူ ပေးဖို့ တောင်းဆိုပါရစေ။

ကဲ The Corner volume 9 ကို အားပေးကြပါဦး။      

စီစဥ်သူ