The Corner မှာ ဖတ်စရာ (အတွဲ ၂၄ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
တိုတိုထွာထွာ မှတ်စရာ
အတွဲ (၂၄)၊ ၂၀၂၆ မတ်လ ၁၆ - ၃၁ ရက်
စီစဉ်သူ့ အမှာ
The Corner အတွဲ (၂၃) ထုတ်ဝေအပြီး ဖေဖော်ဝါရီလအကုန်တွင် တစ်ကမ္ဘာလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေရသော အီရန်နှင့် အမေရိကန်တို့၏ တင်းမာမှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိကာ ပေါက်ကွဲထွက်ခဲ့ပါတော့သည်။ အေအိုင် (AI) ခေတ်၏ စစ်ပွဲဖြစ်သည်နှင့်အညီ သတင်းများမှာ အချိန်နှင့်တစ်ပြေးညီ ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ သို့သော် ပြဿနာမှာ သတင်းအမှားအမှန်နှင့် မြင်တွေ့ရသည့် ပုံရိပ်များသည် အေအိုင်ဖြင့် ဖန်တီးထားခြင်းလော၊ တကယ့်မြင်ကွင်းလော ဆိုသည်ကို ခွဲခြားရခက်ခဲလာခြင်းပင် ဖြစ်သည်။
The Corner ၏ ပင်တိုင်ဆောင်းပါးရှင်များထံမှ ရင်းမြစ်ခိုင်မာမှုများမှ ထွက်လာသည့် သုံးသပ်ချက်များကို စိစစ်ရွေးချယ်ပြီး The Corner Facebook စာမျက်နှာမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးခဲ့ပါသည်။
စစ်ပွဲနှစ်ပတ်ကျော်လာချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လောင်စာဆီနှင့် စီးပွားရေးရိုက်ခတ်မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။ ယခုအချိန်တွင် The Corner အတွဲ (၂၄) ကို ထုတ်ဝေရန် အချိန်ကျရောက်လာပြီဖြစ်ရာ “တစ်ကမ္ဘာလုံး စိတ်မအေးရသည့် အရှေ့အလယ်ပိုင်းအရေး” ကို အဓိကထား၍ ကျစ်ကျစ်လျစ်လျစ် တင်ဆက်လိုက်ရပါသည်။
ကမ္ဘာကြီး အမြန်ဆုံး အေးချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
စီစဥ်သူ