The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

အတွဲ (၂) မာတိကာ

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၂)၊ မတ်လ ၂၀၂၅

စီစဉ်သူ အမှာ

The Corner ရဲ့ ဒုတိယမြောက် မတ်လထုတ် Digital magazine ကို စာချစ်သူများထံ ရောက်လာ ပါပြီ။ ဒီလထုတ်မှာ အမေရိကန် သမ္မတသစ်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ဆောင်းပါးတွေ တစ်ဝကြီး ဖတ်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု အနေနဲ့သော်လည်းကောင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သံတမန် ဆက်ဆံရေးအရသော်လည်းကောင်း ကမ္ဘာ့အရေးကို စောင့်ကြည့်သူများ မကြာခဏ သုံးလေ့ရှိတဲ့ Geopolitical ခေါ် ပထဝီနိုင်ငံရေးမှာလည်း အမေရိကန်ကို ချန်ထားခဲ့လို့ မရတဲ့ အခါ အမြင်မျိုးစုံက သုံးသပ်ထားချက်တွေကို ချန်လှပ်ထားခဲ့ရမှာ နှမြောမိပါတယ်။ ရှုထောင့်မျိုး စုံက အမြင်တွေကို ဘက်လိုက်ခြင်း အလျင်းမပါဘဲ စုစည်းတင်ပြ ပေးချင်တာကလဲ The Corner ရဲ့ စေတနာပဲ မဟုတ်ပါလား။

ဒီလမှာတော့ ဘာသာပြန်ကဏ္ဍများ အပြင် ကိုယ်တိုင်တွေး ကိုယ်တိုင်ရေး လက်ရာများကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။ ဖတ်ရှုသူများက The Corner တိုးတက်ဖြစ်စဥ်များကိုလည်း မြင်တွေ့ နိုင်လိမ့်မည်လို့ ရိုးသားစွာ ယူဆပါတယ်။ အရင် ပြောခဲ့သလိုပါပဲ The Corner လူလားမြောက်ဖို့ အများကြီး ကြိုးစားသွားရကြဦးမှာပါ။

စာဖတ်သူများအနေနဲ့ The Corner Digital မဂ္ဂဇင်းများကို မိမိကိုယ်ပိုင် ဖုန်းဖြင့် အွန်လိုင်းမှ သော်လည်းကောင်း၊ ဖုန်းထဲမှာပဲ အင်တာနက်မလိုဘဲ အခက်အခဲ မရှိ စာအုပ်တစ်အုပ်လို ဖတ်ရှုသွားနိုင်ဖို့ အကူအညီများလည်း မကြာခင် လုပ်ဆောင်သွားဖို့ရှိပါတယ်။ နည်းပညာကို အတော်အသင့် ရင်းနှီးပြီးသား စာဖတ်သူများ ကိုယ့်ဖုန်းထဲမှာ (Android သို့ iPhone) The Corner ကို ဖတ်ချင်သူများ စမ်းသပ် ထုတ်ဝေထားတဲ့ ebook (epub version) ကို ဆက်သွယ် ရယူနိုင်ကြပါပြီ။

The Corner ကို ဆက်လက်အားပေးရင်းနဲ့ ဝေဖန် အကြံများလည်း ပေးကြပါဦးလို့ ဖိတ်ခေါ်အပ်ပါတယ်။

စီစဥ်သူ, Team The Corner