The Corner မှာ ဖတ်စရာ (အတွဲ ၁၈ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Europe
Middle East/Africa
Business
Lifestyle
အတွဲ (၁၈)၊ ၂၀၂၅ ဒီဇင်ဘာ ၁၆ - ၃၁ ရက်
စီစဉ်သူ့ အမှာ
မကြာခင် ရောက်လာတော့မယ့် ၂၀၂၆ နှစ်သစ်ကို စာဖတ်သူများ အားလုံးနဲ့အတူ The Corner အဖွဲ့သားများက ကြိုတင် နှုတ်ဆက် ကြိုဆိုလိုက်ပါတယ်။
The Corner အတွဲ (၁၈) ဟာ ၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံး အတွဲပါ။ ဆိုလိုတာက ၂၀၂၅ ခုနှစ်အတွင်းမှာ အတွဲပေါင်း ၁၈ တွဲ ထုတ်နိုင်ခဲ့တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဆောင်းပါးအပုဒ်ရေပေါင်း ၂၈၀ ကျော်ကျော် တင်ဆက်ခဲ့ရာမှာ စိတ်ဝင်စားသူများအတွက် အချက်အလက်များ၊ သုံးသပ်ချက်များ၊ အကြံပေးချက်များ စတဲ့ ဆောင်းပါးတွေ တင်ဆက်ခဲ့ပြီးပါပြီ။ The Corner တင်ဆက်ခဲ့တာ တစ်နှစ် မပြည့်သေး ပေမယ့်လည်း တင်ဆက်သမျှ ဆောင်းပါးတွေဟာ The Corner စတင်ကတည်းက ချမှတ်ထားတဲ့ မဂ္ဂဇင်းရဲ့ ဦးတည်ချက် ရည်ရွယ်ချက်တွေနဲ့ မသွေဖည်ပဲ ရွေးချယ်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
လာမယ့်နှစ်မှာလည်း အပြောင်းအလဲတွေ အများကြီး လုပ်သွားမယ်လို့ အခုအချိန်အထိတော့ မမြင်မိသေးပါဘူး။ ဒါပေမဲ့ The Corner ကို အွန်လိုင်းကနေ အခမဲ့ ဖတ်နိုင်တယ်ဆိုတဲ့အကြောင်း ဝါသနာရှင်များ တစ်ဦးကနေ နောက်တစ်ဦးကို ဆက်လက် လက်ကမ်း မျှဝေသွားဖို့ မေတ္တာရပ်ခံပါတယ်။ စာဖတ်များ အသိအမှတ်ပြု စာနယ်ဇင်းတစ်ခုဖြစ်ဖို့သာ ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး ပရိသတ်များရဲ့ အကြံပေးချက်နဲ့ ပံ့ပိုးမှုများကို ရယူသွားမှာပါ။
အခုထုတ်ဝေတဲ့ အတွဲ (၁၈) မှာ လူငယ်များနဲ့ နည်းပညာကဏ္ဍ ကို အထူးဆောင်းပါးများအဖြစ် သီးသန့်စုစည်းတင်ဆက်ထားပါတယ်။ ဒီကာလမှာ လူငယ်များဟာ တစ်ရှိန်ထိုး တိုးတက်လာတဲ့ နည်းပညာအသစ်အဆန်းများကို ရှောင်ဖယ်ဖို့ရာ ခက်ပါတယ်။ နည်းပညာအသစ်နဲ့ ပြုလုပ်ထားတဲ့ ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတစ်ခုကို သုံးဖို့ဆိုတာ အခြေအနေ တစ်ရပ်လိုအပ်မှာဖြစ်ပေမယ့် မိမိလက်ကိုင်ဖုန်းထဲကို အလိုအလျောက် ရောက်လာတဲ့ အပျော့ထည်လို့ခေါ်တဲ့ ဆော့ဖ်ဝဲ (software) တွေ၊ ဖုန်းတွေနဲ့အတူ ပါလာတတ်တဲ့ အပ်စ် (Applications) တွေကိုတော့ ရှောင်လွှဲရ ခက်ပါတယ်။ ဒီကိစ္စဟာ အားလုံး ရင်ဆိုင်ကြရမယ့် အရှိတရားတစ်ရပ်ဆိုတာကို နားလည်ပြီး မိဘများ လူငယ်များအတွက် အသုံးဝင်နိုင်မယ့် ဆောင်းပါးများကို တင်ဆက်လိုက်ပါတယ်။
စွဲစွဲမြဲမြဲနဲ့ ဆောင်းပါးတွေကို တစ်နေ့တစ်ပုဒ် ဖတ်သွားမယ် ဆိုရင်တောင် နောက် ၁၄ ရက် အကြာမှာ နောက်ထွက်လာမယ့် The Corner အတွဲသစ်က အသစ်စောင့်နေမှာပါ။ ပရိသတ်များအားလုံးကို ကျေးဇူးတင်ပါတယ်။
အားလုံးအတွက် ကောင်းသော နှစ်သစ် ၂၀၂၆ ဖြစ်ပါစေ။
စီစဥ်သူ