The Corner မှာ ဖတ်စရာ (အတွဲ ၁၇ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Asia
Middle East/Africa
United States
အတွဲ (၁၇)၊ ၂၀၂၅ ဒီဇင်ဘာ ၁ - ၁၅ ရက်
စီစဉ်သူ့ အမှာ
၂၀၂၅ ခုနှစ် ကုန်တော့ပါမယ်။ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းရန် ရက်ပေါင်း ၃၀ ခန့်သာ လိုပါတော့တယ်။
တစ်နှစ်အတွင်း ပြန်ကြည့်မယ်ဆိုရင် ဇန်နဝါရီလမှ စတင်ကာ ဒီဇင်ဘာလအထိ တိုးတက်ခြင်း၊ မတိုးတက်ခြင်း ဆိုသည်ထက် အကြောင်းအရာ တော်တော်များများ ဖြစ်ပျက်ခဲ့ပြီး ဖြစ်ပါတယ်။ တချို့ အဖြစ်အပျက်များဆိုရင် အရင်ကာလ အပိုင်းအခြား များက ကြားပင် မကြားဖူးသော ကိစ္စရပ်များပင်။ အထူးသဖြင့် ကိစ္စရပ်တော်တော်များများဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးသည့်နောက် သူဦးဆောင်သည့် တိုင်းပြည်ခေါင်းဆောင်များ၏ စဥ်းစား တွေးခေါ်ပုံ၊ လုပ်ပုံကိုင်ပုံ များဆိုလည်း မမှားပါ။ ၎င်းမှစလိုက်သည့် ကိစ္စရပ်များဟာ ကမ္ဘာအနှံ့သို့ ရိုက်ခိုက်သွားကာ ရှိခဲ့ပြီးသား ထုံးတမ်းစဥ်လာများ ပျက်သွားခဲ့တယ်လို့ တင်စား ပြောဆို နေကြပါပြီ။
The Corner ကို တင်ဆက်သူများကတော့ အဆိုပါ အဖြစ်အပျက်များ ခြုံငုံမိအောင် အတွဲ တစ်တွဲ နှင့် တစ်တွဲ သုံးသပ်ချက် အမြင်များကို ဖြစ်ခဲ့သမျှ တင်ဆက်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်းပဲ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကမ္ဘာ့အရေးများကို ထုံးစံအတိုင်း စုစည်း တင်ဆက်ထားပါတယ်။ စာဖတ်သူများ ဘယ်နေရာမှာမှ ရှာမတွေ့နိုင်သည့် ဆောင်းပါးများကို ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
စီစဥ်သူ