The Corner မှာ ဖတ်စရာ (အတွဲ ၁၅ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Asia
အတွဲ (၁၅)၊ ၂၀၂၅ နိုဝင်ဘာ ၁ - ၁၅ ရက်
စီစဉ်သူ့ အမှာ
အခုတလော ကမ္ဘာ့အရေးက ဘယ်ရောက်နေလဲလို့မေးရင် ဒီအတိုင်း မလှုပ်မရှား ရှိနေတယ်လို့ပဲ ပြောရမယ်လို့ ထင်ပါတယ်။ The Corner အဖွဲ့သားတွေ အတွဲ (၁၄) ကို ပြင်ဆင်နေတုန်းမှာ အရှေ့အလယ်ပိုင်းက ဂါဇာအရေးက ခုပဲ မနက်ဖြန်ပဲ တော်ကြာပဲ ပြီးစီးသွားတော့ မလိုလိုနဲ့ ခုတော့ ပြန်ငြိမ်သက် သွားပြန်ပါပြီ။ အလားတူပဲ ယူကရိန်း ကိစ္စမှာလည်း အမေရိကန်က တိုမာဟော့ခ် ဒုံးကျည်တွေ ပေးလို့ ကိယက်ဗ်ကနေ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကိုများ တိုက်ခိုက်တော့မလား။ ထရမ့်နဲ့ ပူတင်တို့ ထပ်တွေ့ကြပြီး ငြိမ်းချမ်းရေး အရိပ်အယောင်တွေ မြင်ရတော့မှာလား။ အခုအချိန်မှာတော့ ဒါတွေ လက်ဆုပ်လက်ကိုင် ပြရလောက်အောင် ဖြစ်မလာသေးပါ။
အာရှဘက်မှာတော့ အာဆီယံ ထိပ်သီးအစည်းအဝေးက အရှိန်ကောင်းကောင်းနဲ့ ထူးမခြားနားထဲက နည်းနည်းပါးပါး Headline လေးတွေ မြင်ရမယ် ထင်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လည်း ကခုန်ကာနဲ့ ပျော်ပျော်ပါးပါး တက်ရောက်လာပြီး အခြား အရေးပါတဲ့ ကမ္ဘာ့ ခေါင်းဆောင် များလည်း တက်ရောက် လာတာ တွေ့ရပါတယ်။ ထူးထူးခြားခြား ဂျပန်နိုင်ငံမှာ အမျိုးသမီး ဝန်ကြီးချုပ်သစ်ကို ရွေးချယ်လိုက် ပါပြီ။ ဒီအဖြစ်အပျက်ကလွဲလို့ ထူးခြားဖြစ်စဥ် သိပ်မရှိပါ။
ဒီအပတ် The Corner မှာ လတ်တလော ကမ္ဘာ့ရေးရာများအကြားထဲမှာ မြုတ်သွားတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ခွန်စစ်ပွဲ ခေါင်းချင်းဆိုင်တဲ့ ကိစ္စ။ မကြာခင် သမ္မတ ထရမ့်ရဲ့ အာရှ ခရီးစဥ်နောက်ဆုံးမှာ သူနဲ့ တရုတ် ခေါင်းဆောင်ရှီတို့ တွေ့ဆုံကြဖို့ ရှိတော့ အဆိုပါ ကိစ္စအပေါ် သုံးသပ်ချက်တွေကို ဒီတစ်ပတ် feature လုပ်ထားပါတယ်။ ဂါဇာ နောက်ဆက်တွဲနဲ့ အခြား ကမ္ဘာ့ဖြစ်ရပ်များကို မလွတ်ရလေအောင် ထည့်ထားပါတယ်။ “သူရေးတဲ့စာ ကဏ္ဍ” မှာလည်း ခါတိုင်းထက် ဖတ်စရာ ပိုများတဲ့ ဆောင်းပါးများ တစ်ဝကြီး ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ခြိမ့်သဲရဲ့ ဖန်တီးမှုကတော့ ဝတ္ထုရှည်လို့ နာမည်တပ်လို့ ရပေမယ့်လည်း ဒီဘက်ခေတ်မှာ ပျောက်ကွယ် လုလု ဖြစ်နေတဲ့ မြန်မာ့ ဇာတ်သဘင်လောကရဲ့ အနှစ်တွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ စာစုတစ်ခုဖြစ်လို့ ရသ ဝတ္ထုရှည် တစ်ပုဒ် ထက်ပိုပြီး အခြား ဗဟုသုတ ရစရာတွေ အများကြီး ပါလို့ပါ။ ဒါကြောင့်မို့ နှစ်ပိုင်းခွဲမနေတော့ဘဲ စ-ဆုံး တင်ဆက်လိုက်ပါတယ်။
အားပေးကြပါဦး…
စီစဥ်သူ