The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၁၄ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၁၄)၊ ၂၀၂၅ အောက်တိုဘာ ၁၆ - ၃၁ ရက်

စီစဉ်သူ့ အမှာ

မြန်မာပွဲတော် ရာသီ ပြက္ခဒိန်အရဆိုရင် အခုအချိန်ဟာ သီတင်းကျွတ် ပွဲတော် ကာလကို ကျော်ခဲ့ပြီး မကြာခင် ကျရောက်လာမယ့် တန်ဆောင်တိုင် နှင့် ကထိန်ပွဲများကို ဆင်နွှဲကြဖို့ ပြင်ဆင်နေကြပြီလား မသေချာပါ၊ သို့သော်လည်း မိုးကား ကောင်းကောင်း မပြတ်သေးပဲ တစ်ခါတရံ သဲသဲမဲမဲ ရွာချ တတ်သေးလို့ သီတင်းကျွတ်ပွဲတော်ကိုတောင် လွတ်လွတ်လပ်လပ် ပျော်ခဲ့ကြလား။ မသေချာပါ။ အခုဆို လမ်းများတစ်လျှောက် ကထိန် အလှူခံမဏ္ဍပ်များ နေရာအနှံ့တွေ့ နေရပြီ။

 

ထို့နည်းတူစွာ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ က နှစ်ရှည်စစ်ပွဲများထဲက တစ်ခုဖြစ်တဲ့ အရှေ့အလယ် ပိုင်းက အစ္စရေး-ဂါဇာအရေး အဆုံးသတ်သွားပြီ။ “စစ်ကြီးပြီးသွားပြီ”လို့ ကမ္ဘာ့ ရပ်မိရပ်ဖ တစ်ဦးလို ချီးမွမ်းခံလိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာပြီးနောက်ပိုင်း ဟားမတ်စ် ဘက်က ထိန်းသိမ်းထားတဲ့ အသက်ရှင် နေသေးတဲ့ ဓားစာခံ ၂၀ ဦးကို အောက်တိုဘာလ ၁၃ ရက်နေ့က ပြန်လွှတ် ပေးလိုက်ပါတယ်။ ကာယကံရှင်တွေဖြစ်တဲ့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ဘက်က ထရမ့်ရဲ့ စစ်ပြီးပြီဆိုတဲ့ စကားကို သံယောင်လိုက်သံ မကြားမိသေးပါ။ အစ္စရေး လွှတ်တော်အထိ သွားပြီး ထရမ့်ပြောတဲ့ မိန့်ခွန်းကတော့ ကြုံး၀ါးသံ ကြွား၀ါသံတွေနဲ့ ပြည့်လို့နေပါတယ်။ ဓားစာခံများနဲ့ ပါလက်စတိုင်း အကျဥ်းသားများ ပြန်လည် လွတ်မြောက်လာတာကို ဝမ်းမြောက်မိပါတယ်။ ဒီလို အဆင့်ရောက်လာတာကိုလည်း ကျေနပ် မိပါတယ်။ သို့သော်လည်း အလုံးစုံ စစ်ကြီးပြီးဆုံးရေး အစီအစဥ်အရ အစ ပထမသာ ရှိသေးတဲ့အတွက် ကျန်သေးတဲ့ အချက်တွေ စောင့်ကြည့်ရဦးမှာပါ။ The Corner က အခြေအနေ များကို စောင့်ကြည့် သုံးသပ် သွားမှာမို့လို့ နောက်ထွက်မယ့် အတွဲတွေမှာ စောင့်ဖတ်ကြပါလို့။

 

မသေချာတာ တွေထဲမှာ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ The Corner အတွဲ ၁၄ ထွက်လာ တာပါ။ ဒီအတွဲမှာ မကြာခင်က ကျင်းပပြီးစီးသွားတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးနဲ့ ကုလ အဖွဲ့ကြီးရဲ့ လက်တလော ကြုံတွေ့နေရတဲ့ အခြေအနေများနဲ့ နိုင်ငံ့ ခေါင်းဆောင် များ ညီလာခံကြီးမှာ ပြောကြားသွားခဲ့တဲ့ မိန့်ခွန်းများထဲမှ ဖင်လန်နိုင်ငံသမ္မတရဲ့ မိန့်ခွန်း ဟာ ကမ္ဘာ့ လက်ရှိအခြေအနေ သုံးသပ်ချက်နဲ့ အဖွဲ့ကြီးအပေါ် ပိုမို ထိရောက်တဲ့ လုပ်ငန်းများကို လုပ်နိုင်အောင် အကြံပြုချက်များ ပါဝင်တဲ့ မိန့်ခွန်းတစ်ရပ် ဖြစ်လို့ The Corner မှာ သုံးသပ် တင်ပြထားပါတယ်။ The Corner ရဲ့ ထုံးစံ အတိုင်း အခြား စိတ်ဝင်စားစရာ အကြောင်းအရာ များကိုလည်း တတ်စွမ်းသရွေ့ စုစည်း တင်ဆက် ထားပါတယ်။

စီစဥ်သူ