The Corner မှာ ဖတ်စရာ (အတွဲ ၇ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Asia
Mid-East/Africa
Lifestyle
Archived Corner
အတွဲ (၇)၊ ၂၀၂၅ ဇူလိုင် ၁ - ၁၅ ရက်
စီစဉ်သူ အမှာ
အတွဲ (၆) ထွက်ပြီး သိပ်မကြာပါဘူး၊ အရှေ့အလည်ပိုင်း ဒေသမှာ အစ္စရေး နိုင်ငံက အီရန်ကို နျူကလီးယား အကြောင်းပြ တိုက်ခိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အမေရိကန်ပါ ပါဝင်လာပြီး အခုတော့ နဲနဲ ပြန်ပြီး တည်ငြိမ်လာပါပြီ။ The Corner ကလဲ ဒီအရေးကိစ္စ သုံးသပ်ချက်ကို ဒီအတွဲမှာ ပါအောင် ထည့်ချင်တဲ့အခါ ဆောင်းပါးကို အဆုံးသတ်ရင်း အသစ်ဖြစ်ရပ်တွေက ပေါ်လာရင်းနဲ့ ဒီနေ့ စိတ်ကို ဒုံးဒုံးချရင်း နောက်ဆုံး ဖြစ်ရပ်တွေကို ရအောင် ထည့်ထားတဲ့ သုံးသပ်ချက် ဆောင်းပါးကို ထည့်ထားပါတယ်။
နောက်ပြီး အခြား ဖြစ်ပျက်နေတဲ့ ကိစ္စများကိုလဲ မလွတ်ရလေအောင် တတ်နိုင်သမျှ စုစည်း တင်ပြထားပါတယ်။
ထူးခြားချက်တစ်ခု အနေနဲ့ အတွဲ (၇) ကနေ စပြီး Archived Corner ကဏ္ဍ အသစ်တစ်ခု ထပ်တိုးထားကြောင်း အသိပေးလိုပါတယ်။ ကဏ္ဍ အသစ်ဆိုပေမယ့် အရင်တုန်းက အဟောင်း အကောင်းတွေကို ပြန်လည် စုစည်း တင်ဆက်ချင်တဲ့ သဘောပါ။ The Corner ရဲ့ ပရိသတ်များလည်း ဖတ်ဖူးခဲ့တဲ့ စာပေ လက်ရာများရှိရင် ဒီကဏ္ဍအတွက် ပေးပို့နိုင်ပါတယ်။ မူရင်းရေးသူကိုယ်တိုင်ပို့ပေးနိုင်သလို မူရင်းစာရေးဆရာ မရှိတော့ရင်လဲ စာမူပိုင်ရှင် ခွင့်ပြုချက် တော့ လိုချင်ပါတယ်။
စီစဥ်သူ