The Corner

အမှာများ

အတွဲ (၂)၊ မတ် ၂၀၂၅

The Corner မိတ်ဆက် The Corner ရဲ့ ဒုတိယမြောက် မတ်လထုတ် Digital magazine ကို စာချစ်သူများထံ ရောက်လာ ပါပြီ။ ဒီလထုတ်မှာ အမေရိကန် သမ္မတသစ်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ဆောင်းပါးတွေ တစ်ဝကြီး ဖတ်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု အနေနဲ့သော်လည်းကောင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သံတမန် ဆက်ဆံရေးအရသော်လည်းကောင်း ကမ္ဘာ့အရေးကို စောင့်ကြည့်သူများ မကြာခဏ သုံးလေ့ရှိတဲ့ Geopolitical ခေါ် ပထဝီနိုင်ငံရေးမှာလည်း အမေရိကန်ကို ချန်ထားခဲ့လို့ မရတဲ့ အခါ အမြင်မျိုးစုံက သုံးသပ်ထားချက်တွေကို ချန်လှပ်ထားခဲ့ရမှာ နှမြောမိပါတယ်။ ရှုထောင့်မျိုး စုံက အမြင်တွေကို ဘက်လိုက်ခြင်း အလျင်းမပါဘဲ စုစည်းတင်ပြ ပေးချင်တာကလဲ The Corner ရဲ့ စေတနာပဲ […]

အတွဲ (၂)၊ မတ် ၂၀၂၅ Read More »

အတွဲ (၁)၊ ဖေဖော်ဝါရီ ၂၀၂၅

The Corner မိတ်ဆက် ဖြတ်သန်းလာခဲ့ရတဲ့ ခရီးက နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု အပြောင်းအလဲတွေ များလွန်းလှပါတယ်။ မူလတန်းမှာ ကျောက်သင်ပုန်းကျောက်တံနဲ့ စခဲ့ရတဲ့ ဘဝကနေ ခုဆို စကရင်ကို တို့ထိလိုက်ရုံနဲ့ စာတွေရေးနိုင် စာမျက်နှာတွေကို လှန်နိုင်တဲ့ ခေတ်ကို ရောက်ခဲ့ရပြီ။ လူငယ်လူလတ်ပိုင်းအရွယ်မှာ စာအုပ်တွေကို ကိုင်ဖတ်ပြီး ဖြတ်သန်းလာခဲ့တော့ စာ ဖတ်ရတဲ့ ဘဝကို တမ်းတမိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ စာအုပ်ဝယ်ဖတ်ဖို့ဆိုတာ ထုတ်ဝေတဲ့ သူက ရှိဦးမှ၊ ရှိရင်လည်း ဝယ်ဖို့တတ်နိုင်ဦးပါမှ၊ ပြီးတော့… ပြီးတော့… ဒီဂျစ်တယ်ခေတ်မှာ နိုင်ငံတကာ သတင်းတွေဟာ သိပ်မြန်လွန်းနေပါပြီ။ ဖြစ်ဖြစ်ချင်း နေ့မဆိုင်းပဲ ချက်ခြင်းသိနိုင်နေပါပြီ။ အဲဒီအတွက် သတင်းတွေ ဖော်ပြဖို့ အတွက် လုံ့လ မစိုက်တော့ပါဘူး။ ဒါပေမဲ့ တချိန်က ဆရာကြီးများရဲ့

အတွဲ (၁)၊ ဖေဖော်ဝါရီ ၂၀၂၅ Read More »